မြန်မာစာအရေးနှင့်အနက်

ဒေါက်တာထွန်းတင့်

မြန်မာစာအရေးနှင့်အနက်

10000 MMK
ကြိုတင်မှာယူ

စာအုပ် Stock မရှိသေးပါ။ အနည်းဆုံး ၃ ရက်ခန့် စောင့်ရနိုင်သည်။

Publisher
ISBN
Pages
Wishlist View cart

ဤစာအုပ်သည် မြန်မာစာကို ခြေခြေမြစ်မြစ် သင်လိုသူများ၊ မြန်မာစာကို ခြေခြေမြစ်မြစ် တတ်လိုသူများအတွက် အခြေခံသိထားသင့်သည့် မြန်မာသရများနှင့် မြန်မာဗျည်းများ ဖြစ်ရာဌာန် ဖြစ်ဟန်အလိုက် ဗျည်းသံ၊ သရသံများ ထွက်ပေါ်လာပုံ၊ အနက်များကြံဆရာတွင် စုတူသတ်စနစ်၊ သုဒ္ဓကာရိုက်စနစ်နှင့် တက်ကျသံသုံးသံတွဲစနစ်အကြောင်းများကို အသေး စိတ် ရှင်းလင်းဖော်ပြထားသည့်စာအုပ်ဖြစ်သည်။


မြန်မာစကားကို အနက်ကြံဆရာ၊ အနက်ဖွင့်ရာတွင် သုဒ္ဓအက္ခရာ၏ အနက်ငုပ်နေပါက ကာရိုက်အက္ခရာသို့ပြောင်း၊ ကာရိုက်အက္ခရာ၏ အနက်ငုပ်နေပါက သုဒ္ဓ အက္ခရာသို့ပြောင်း၍ အနက်ကြံဆ ဖော်ထုတ်နိုင်ကြောင်း သိလွယ်မြင်လွယ် အနက်ထင်လွယ်သော သုဒ္ဓ ကာရိုက် ကြိယာတွဲများဖြင့် လည်းကောင်း၊ တက်ကျသံသုံးသံတွဲစနစ်တွင် တစ်သံနှင့်တစ်သံ အနက် ဆက်နွှယ်မှု ရှိသဖြင့် အသံတစ်သံသံ၏ အနက်ငုပ်နေပါက အခြားအသံ တစ်သံသံနှင့်သော် လည်းကောင်း၊ နှစ်သံလုံးနှင့်သော်လည်းကောင်း ဆက်စပ်၍ တစ်သံသံမှ ပေါ်လွင်သော အနက်ဖြင့် ဖော်ထုတ်နိုင်ကြောင်းကို အသံ ၁၈ စုံမှ အတွဲလိုက်ဖြင့် တက်သံ၊ သက်သံ၊ နိမ့်သံ သုံးသံတွဲစနစ်အကြောင်းကိုလည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြထားသည်။


မြန်မာစာအရေးနှင့်အနက်

~~~~~~

✍-ဒေါက်တာထွန်းတင့်

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.